New here?
Signing up is easy. It only takes a few steps
Individual
Corporate
Gender Select
Male
Female
I would like to recieve updates from ACME Online Marketplace.
I agree to all
Terms & Conditions
Already have an account?
Login
X
ACME Terms and Conditions
ACME သည် ကုန်ပစ္စည်း ရောင်းချသူနှင့်ဝယ်ယူသူများအား အွန်လိုင်းမှတဆင့် အရောင်းအဝယ်ပြုလုပ်ရာတွင် အဆင်ပြေလွယ်ကူချောမွေ့စေရန်ပံ့ပိုးကူညီ ဝန်ဆောင်မှုပေးနေသော အွန်လိုင်းစျေးကွက်ပလက်ဖောင်း (Online Marketplace Platform) တစ်ခုဖြစ်သည်။
ရောင်းချသူ (Vendor) ဆိုသည်မှာ ကုန်ပစ္စည်းများကို အက်မီအွန်လိုင်းစျေးကွက်ပလက်ဖောင်း (ACME Online Marketplace Platform) တွင် ပစ္စည်းများကို ရောင်းချသူကို ဆိုလိုသည်။
ရောင်းချသူ (Vendor) သည် အက်မီအွန်လိုင်းစျေးကွက်ပလက်ဖောင်း (ACME Online Marketplace Platform) နှင့် အောက်ပါ သတ်မှတ်ချက်များ၊ အခြေအနေများအောက်တွင် လက်တွဲလုပ်ဆောင်ရန် သဘောတူညီပါသည်။
ရောင်းချသူ (Vendor) သည် မှတ်ပုံတင် (သို့မဟုတ်) လုပ်ငန်းလိုင်စင်ရှိရမည်။
ရောင်းချသူ (Vendor) သည် ACME Online Marketplace Platform မှ တားမြစ်ထားသောပစ္စည်းများ ရောင်းချခွင့်မရှိပါ။
ပစ္စည်းအရည်အသွေးစစ်မှန်မှုအတွက် ဝယ်သူစိတ်ကျေနပ်မှုရရှိစေရေးသည် ရောင်းသူ (Vendors) တွင် တာဝန်ရှိသည်။
ရောင်းသူထံတွင် ပစ္စည်းလက်ကျန်အခြေအနေကို ACME မှ ၁၀ ရက်လျှင်တစ်ကြိမ် လက်ကျန် စာရင်းကောက်ယူသွားပါမည်။
ဝယ်သူထံမှ ပစ္စည်း အရည်းအသွေး၊ ချို့ယွင်းချက်တို့နှင့် ပတ်သက်ပြီး တိုင်ကြားမှုများ ရှိလာပါက ရောင်းချသူမှ တာဝန်ယူဖြေရှင်းရမည်။
ပစ္စည်းအော်ဒါလက်ခံရရှိပါက ပစ္စည်းလွဲမှားခြင်းများ၊ ချို့ယွင်းချက်များ မရှိစေရန် ရောင်းချသူမှ တာဝန်ယူစစ်ဆေးရမည်။
ဝယ်သူထံသို့ ပို့ဆောင်ရမည့် ကုန်ပစ္စည်းတွင် ACME မှပေးပို့ထားသော Order Code ပါရှိသည့်ဘောင်ချာကို ထည့် ၍ သေချာစွာထုတ်ပိုးပြီး အဆင်သင့်ထားရှိရမည်။
ACME နှင့် လက်တွဲထားသော Delivery Services မှ သေချာစွာထုတ်ပိုး ထားရှိသော အော်ဒါပစ္စည်းကို ရောင်းသူထံ လာရောက် သယ်ဆောင်ကာ ဝယ်သူထံသို့ တိုက်ရိုက်ပို့ဆောင်ပေးမည် ဖြစ်သည်။
ရောင်းသူတွင် ကိုယ်ပိုင်ဘဏ်အကောင့်ရှိရမည်။ (Pay များ ATM ကတ်နံပါတ်များ မရှိပါ)။
ကုန်ပစ္စည်းအတွက် ငွေပေးချေခြင်းများကို လစဉ် လဆန်း (၁ ရက်နေ့ မှ ၅ ရက်နေ့အတွင်း) ရောင်းသူ(Vendor) ၏ ဘဏ်အကောင့်သို့ ငွေပေးသွင်းပါမည်။